SJ WorldNews - шаблон joomla Авто

ဘုတ်ပြင်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း တရားမဝင် ငါးဖမ်းနေသူများအား ဖမ်းဆီးရမိ

Friday, 23 August 2019 08:53 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်   ၂၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊   ဘုတ်ပြင်းမြို့ မြန်မာ့ပင်လယ်ပြင် အတွင်း   လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည်    သြဂုတ်  ၂၁   ရက် နေ့လယ်ပိုင်းတွင် ဘုတ်ပြင်းမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၂၅ မိုင်အကွာ ကံမော်ကျွန်း၏ အရှေ့တောင်ဘက် ရေမိုင် ၃ မိုင်ခန့်အကွာသို့ အရောက်၌    တရားမဝင် စည်းပျက်ကမ်းနီး ငါးဖမ်းလှေတစ်စင်းအား ဦးပိုက်ထွေး (ဘ)ဦးကြူတင် အပါအဝင်   အမျိုးသား ခြောက်ဦးတို့နှင့် အတူ    ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိ တရားမဝင် ငါးဖမ်းဆီးသူများအား မြိတ်မြို့၊ ငါးလုပ်ငန်း ဦးစီးဌာနသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 66 times Last modified on Friday, 23 August 2019 08:54