SJ WorldNews - шаблон joomla Авто

မော်တော်ယာဉ်နှစ်စီးမျက်နှာချင်းဆိုင်တိုက်မိ

Saturday, 07 September 2019 11:01 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့ မြို့ရှောင်လမ်း၌  စက်တင်ဘာ  ၅ ရက် မွန်းလွဲ ၁ နာရီက မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့ မြို့ရှောင်လမ်း မိုင်တိုင်အမှတ် (ဝ/၆)အနီးတွင် လားရှိုး ဘက်မှ မူဆယ်ဘက်သို့ နန္ဒာအောင် မောင်း နှင်လာသည့် 6M/----NISSAN  အမျိုး အစား ၁၂ ဘီးယာဉ်သည် အရှိန်မထိန်း နိုင်ဘဲ မျက်နှာချင်းဆိုင် ကွတ်ခိုင်ဘက်မှ လားရှိုးဘက်သို့ ကျော်မြင့်(ခ)လီကျင်ဖူး မောင်းနှင်လာသည့် WISH အမျိုးအစား ယာဉ်အမှတ် EE/----  အား ဝင်ရောက် တိုက်မိရာ ယာဉ်ပေါ်ပါသူများ   ထိခိုက်မှု မရှိသော်လည်း   မော်တော်ယာဉ်နှစ်စီး  ပျက်စီးမှုဖြစ်ပွားရာ     ဆုံးရှုံးမှုတန်ဖိုး  ငွေကျပ်သိန်း   ၃ဝ ခန့်ရှိကြောင်း   သိရ သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ နန္ဒာအောင်အား ယာဉ်(ပ)၃၁/၂ဝ၁၉၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၇၉ ဖြင့် လားရှိုးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားကြောင်း    သိရ သည်။                          

(၄ဝ၄)

Read 20 times