SJ WorldNews - шаблон joomla Авто

မိုးမောက်မြို့နယ်နှင့် ဖားကန့်မြို့နယ်တို့အတွင်း မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

Saturday, 07 September 2019 11:02 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်အတွင်းလုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် သတင်းအရ စောင့်ဆိုင်းနေစဉ်စက်တင်ဘာ ၅ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် လွယ်ဂျယ်မြို့ဘက်မှ  မိုးမောက်မြို့ဘက် သို့   ဥာဏ်ထွန်းလွင်(ဘ)ဦးဆန်းအောင်မောင်းနှင်လာသည့် Crown အမျိုးအစား  မော်တော်ယာဉ်အမှတ်၊ YGN-2K/----  အား မသင်္ကာသဖြင့် ရပ်တန့်စေခဲ့ရာ ယာဉ်ပေါ် တွင်တင်ဆောင်လာသော ဘိန်းဖြူမှုန့်များထည့်ထားသည့်ရောင်စုံဆပ်ပြာခွက် ၆၆ ခွက် (စုစုပေါင်း ၆၆ဝ ဂရမ်ခန့်)၊ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၉၉ဝဝ ပြား၊ (စုစုပေါင်း  မူးယစ်ဆေးဝါးခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၅၈ သိန်းကျော်)နှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

အလားတူ   ဖားကန့်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် ဆိပ်မူကျေးရွာ အုပ်စု၊ မိုးကာကျေး ရွာအထွက်၌ သတင်းအရစောင့်ဆိုင်းနေစဉ် စက်တင်ဘာ ၅ ရက် ညနေ ၅ နာရီခန့်တွင် မိုးကာကျေးရွာအထွက်ဘက်မှ အားနိမ်(ဘ) ဦးလှောက်မော် မောင်းနှင်လာသော KEN-

BO-125  အမျိုးအစား လိုင်စင်မဲ့မော်တော် ဆိုင်ကယ်အား မသင်္ကာသဖြင့် ရပ်တန့်စေ ခဲ့ရာ ဆိုင်ကယ် တူးဘောက်အတွင်းမှ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား  ၁၉၈ဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ်  ၉၉ သိန်းခန့်)နှင့် ဖမ်းဆီးရမိခဲ့သည်။

အဆိုပါယာဉ်များ၊ မူးယစ်ဆေးဝါးများ နှင့်အတူ ဖမ်းဆီးရမိသူများအား ဗန်းမော်မြို့နယ်ရဲစခန်းနှင့် ဖားကန့်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံပြီးဖြစ်ကြောင်း သတင်းရရှိသည်။               

 (၁ဝဝ)

Read 20 times