SJ WorldNews - шаблон joomla Авто

မိုးမောက်မြို့နယ် အတွင်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Monday, 09 September 2019 10:54 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  စက်တင်ဘာ 

ကချင်ပြည်နယ်၊   မိုးမောက်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်း အဖွဲ့သည် သတင်းအရ လွယ်ဂျယ်-မိုးမောက်သွား ကားလမ်း ဝိန်းခမ်းကျေးရွာ၏ အနောက်မြောက်ဘက်   မီတာ ၂ဝဝဝ ခန့်အကွာ၌     ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်စဉ်  စက်တင်ဘာ ၇ ရက် မွန်းလွဲ ၁ နာရီခန့်တွင်   လွယ်ဂျယ်ဘက်မှ မိုးမောက်ဘက်သို့ ဆန်အောင်(ဘ)ဦးဇော်တောင် မောင်းနှင်ပြီး လဘန်ယော်ဆန့်(ဘ) ဦးလဘန်ဂမ် လိုက်ပါလာသည့် Wish အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ    ယာဉ်ပေါ်တွင် တင်ဆောင်လာသည့် love  is flower တံဆိပ်ပါ ရောင်စုံဆပ်ပြာခွက် ၇၃ ခွက်ဖြင့် ထည့်ထားသည့်  ဘိန်းဖြူ ၇၃ဝ ဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၇၃ဝ)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား ဗန်းမော်မြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 16 times Last modified on Monday, 09 September 2019 10:55