SJ WorldNews - шаблон joomla Авто

ပုသိမ်ကြီးမြို့နယ်အတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ သိမ်းဆည်းရမိ

Thursday, 10 October 2019 09:30 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ (၁၆)မိုင် ပူးပေါင်းစစ်ဆေးရေး ဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် ယာဉ်များအား စစ်ဆေးနေစဉ် အောက်တိုဘာ ၈ ရက် နံနက် ၁ဝ နာရီခန့်တွင် မော်တော်ယာဉ် တစ်စီးသည် ရှောင်ကွင်းလမ်းမှ ဖြတ်သန်းသွားကြောင်း သတင်းအရ သွားရောက်စစ်ဆေး ရှာဖွေရာ မန္တလေး-ပြင်ဦးလွင် အတက်လမ်း မိုင်တိုင်အမှတ် (၁၈/၇)အနီးတွင် ရပ်တန့်ထားသည့် မော်တော်ယာဉ်အမှတ် NPW-11/---လိုင်စင်မဲ့ မော်တော်ယာဉ်ပေါ်မှ ဟိုက်ဒရိုကလိုရစ်အက်စစ် အရည်များ ထည့်ထားသော ၂ဝဝ လီတာခန့်ပါ ပီပါ ၁ဝ၇ လုံး (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁၆ဝဝ ကျော်)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်းများအား ပြင်စာရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။     

Read 21 times Last modified on Thursday, 10 October 2019 09:32