SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်၊ ငန်းချောင်းကျေးရွာ အနီး၌ ငွေကျပ်သိန်းပေါင်း ၃၄ဝဝ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Wednesday, 16 October 2019 09:38 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၁၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂ဝ ခန့်တွင် ငန်းချောင်းကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၅ဝဝ ခန့်အကွာရှိ လျှိုအတွင်းသို့ အရောက်၌  မသင်္ကာဖွယ်ရာ ဆာလာအိတ် တစ်အိတ်အား တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ အိတ်အတွင်းမှ WY စိတ်ကြွရူးသွပ်ဆေးပြား ၁၇၁ဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၃၄ဝဝ ကျော်)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ငါးခူရနယ်မြေ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။    

Read 14 times Last modified on Wednesday, 16 October 2019 09:39