SJ WorldNews - шаблон joomla Авто

တာချီလိတ်မြို့နယ် အတွင်း မူးယစ်ဆေးဝါးများနှင့်ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Wednesday, 16 October 2019 09:39 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ  ၁၃ ရက်  ည ၆ နာရီခန့်တွင် ဟာလဘကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၃ဝဝဝ ခန့်အကွာရှိ တောအတွင်းသို့ အရောက်၌ မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာဟောင်း တစ်ခုအားတွေ့ရှိသဖြင့် စစ်ဆေး ရှာဖွေရာ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝဝဝ ပြားနှင့် ကဖင်းအမှုန့်  ၅၉၅ ကီလိုဂရမ်(စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ်  သိန်း ၅ဝဝ ကျော်)နှင့်  မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် မော်ကားအရည် ၁ ကီလိုဂရမ်ခန့်ပါ ငါးပုံး၊ ဟုန်မေအဖြူရောင် အမှုန့် ၂ဝ ကီလိုဂရမ်ခန့်ပါ နှစ်အိတ်၊ ဆေးပြား အခြောက်ခံ စတီးဗန်းသုံးခု၊    မီးစက်အသေးသုံးလုံး၊ လေမော်တာနှစ်ခု၊ Gas  မီးဖို ၁၅ ခု၊ Gas  အိုး၂၂ ခု၊ ၉၉၉/ကြယ်ငါးလုံး တံဆိပ်တုံး ၂၉ ခုနှင့် ကမ္ဘာလုံးနှင့်ခြင်္သေ့ပုံပါ တံဆိပ်တုံးနှစ်ခုတို့အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား တာချီလိတ်မြို့နယ် မူးယစ်တပ်ဖွဲ့စုသို့  စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 17 times Last modified on Wednesday, 16 October 2019 09:44