SJ WorldNews - шаблон joomla Авто

စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

Thursday, 17 October 2019 11:52 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် ဖားကန့်မြို့နယ် မှော်စီစာကျေးရွာ ဈေးကုန်းရပ်ကွက် လမ်းမပေါ်၌ အောက်တိုဘာ ၁၅ ရက် နံနက် ၃ နာရီခွဲက  စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု လုံးခင်းနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ ရဲအုပ်ဝဏ္ဏရွှေ ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက လှည့်ကင်း တာဝန်ထမ်းဆောင်စဉ် မှော်စီစာကျေးရွာ    ဈေးကုန်းရပ်ကွက် လမ်းမပေါ်၌ မသင်္ကာဖွယ်တွေ့ရှိသူ မစန်းလှ၄၈ နှစ်အား သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးရာ ၄င်းထံမှ ငွေကျပ် ၁၂ သိန်းတန်ဖိုးရှိ တံဆိပ်မပါ စိတ်ကြွဆေးပြား ၂၄ဝ ပြားအား တွေ့ရှိ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မစန်းလှအား လုံးခင်းနယ်မြေရဲစခန်းမှ    မယ(ပ)၆၉/၂ဝ၁၉၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Read 11 times Last modified on Thursday, 17 October 2019 11:53