SJ WorldNews - шаблон joomla Авто

လားရှိုးမြို့ပေါ်တွင် လိုက်လံလုယက်ခဲ့သည့် ပစ္စည်းအချို့နှင့် ခိုးရာပါပစ္စည်း လက်ခံသူအား ဖမ်းဆီး

Thursday, 17 October 2019 12:05 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့  ရဲစခန်း၌    ဖမ်းဆီးထိန်းသိမ်းထားသူ သုံးဦးအား ရဲတပ်ဖွဲ့မှ စစ်ဆေးရာ   လားရှိုးမြို့ပေါ်တွင် ယခင်က လိုက်လံလုယက်ခဲ့သည့် ပစ္စည်းအချို့နှင့် ခိုးရာပါပစ္စည်းလက်ခံသူကိုပါ အောက်တိုဘာ ၁၅ ရက်က  ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ လားရှိုးမြို့မရဲစခန်း၌ ဖမ်းဆီးထားသော(ပ) ၃၉၇/၂ဝ၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈၂ အမှုမှ ရပ်ကွက်(၇)လားရှိုးမြို့နေ   ထက်ဝေယံ(ခ)အားဖူ ၁၅ နှစ်၊ အားဝူ(ခ)ကျော်ခိုင် ၁၆ နှစ်၊ လောက်ရှင်း(ခ) သန်းထွန်းဝင်း ၁၆ နှစ်တို့သုံးဦးအား စစ်ဆေးမေးမြန်းရာ ၄င်းတို့သုံးဦးသည် စက်တင်ဘာ   ၁၇  ရက်က ထက်ဝေယံမောင်းနှင်သည့်  ဆိုင်ကယ်ဖြင့်  လားရှိုးမြို့ပေါ်ရှိ  ရပ်ကွက်များအတွင်း သွားလာနေသည့် ပြည်သူများထံမှ ပိုက်ဆံအိတ်များလုယူခြင်း၊    ဖုန်းများလုယူခြင်းပြုလုပ်ခဲ့ရာ    လုယူရရှိသည့် ပစ္စည်းများအား စလင်း(ခ)စနေထွန်း ၃၁ နှစ်ကလက်ခံကာ  ပြန်လည် ရောင်းချနေကြောင်း သိရသဖြင့်   စလင်း(ခ)စနေထွန်း၏ နေအိမ်ကိုစစ်ဆေးရာ   အဆိုပါ နေအိမ်တွင်  ၄င်းတို့ သုံးဦးလုယူလာသည့်  ဖုန်းလေးလုံး၊ ငွေထုတ်ကတ်သုံးခု၊  ရွှေလက်စွပ်နှစ်ကွင်း၊ ရွှေနားကွင်းနှစ်ရန်နှင့်အတူ စလင်း(ခ)စနေထွန်းကိုပါ ဖမ်းဆီးရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ထက်ဝေယံ(ခ)အားဖူပါလေးဦးအား လားရှိုးမြို့မရဲစခန်းမှ(ပ) ၄၁၁/၄၁၂/၄၁၃/၂ဝ၁၉ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၉/ကျင့် ၅၄(နှိုက်)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Read 17 times Last modified on Thursday, 17 October 2019 16:53