SJ WorldNews - шаблон joomla Авто

မဘိမ်းမြို့အဝင်၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူများအား ဖမ်းဆီးရမိ

Friday, 18 October 2019 09:38 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့ အဝင်၌ မော်တော်ယာဉ်ဖြတ်သန်း သွားလာမှုများအား စစ်ဆေးစဉ် ယနေ့နံနက် ၈ နာရီခွဲခန့်တွင် မိုးမိတ်ဘက်မှ မဘိမ်းဘက်သို့ မောင်းနှင်လာသည့် KENBO-125 အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူ ဦးကျော်သန်းနိုင်(ဘ)ဦးချစ်ဖိုနှင့် လိုက်ပါ စီးနင်းလာသည့် ဇနီးဖြစ်သူ ဒေါ်တင်တင်နွဲ့(ဘ) ဦးတိုးအီတို့ထံမှ WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁ဝဝဝ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်း ၂ဝ ခန့်)အား တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူနှစ်ဦးအား မဘိမ်းမြို့မရဲစခန်း၌ တရား ဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 14 times Last modified on Friday, 18 October 2019 09:39