SJ WorldNews - шаблон joomla Авто

ဖျာပုံမြို့နယ်၊ အမာမြို့အနီး မြန်မာ့ပင်လယ်ပြင် အတွင်း၌ ICE မူးယစ်ဆေးဝါးများ သိမ်းဆည်း ရမိ

Friday, 18 October 2019 09:42 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ  ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အမာမြို့အနီးရှိ မြန်မာ့ပင်လယ်ပြင်အတွင်း ဘဝသစ်ကျေးရွာအုပ်စု၊ အရှေ့ဖျားကျေးရွာ နေ ငါးဖမ်းလုပ်သားများ ဖြစ်သည့် ဦးကျော်ဦးနှင့် ဦးစိန်ကုလားတို့ နှစ်ဦးသည် စက်လှေ နှစ်စင်းဖြင့် ငါးဖမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေစဉ် အောက်တိုဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီခန့်တွင် ကျေးရွာ၏ အရှေ့တောင်ဘက်ရေမိုင် ၁၅ မိုင်ခန့်အကွာသို့အရောက် ၌ ပင်လယ်ပြင်အတွင်း မျောပါနေသော မသင်္ကာဖွယ် ဆာလာအိတ် ၂၃ အိတ်အား တွေ့ရှိသဖြင့် ကျေးရွာသို့ သယ်ဆောင်လာခဲ့ပြီး သက်ဆိုင်ရာသို့ သတင်းပို့ခဲ့သည်။

အဆိုပါ အထုပ်များအား ဖျာပုံမြို့နယ်၊ အမာရဲစခန်းမှ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်စု    အုပ်ချုပ်ရေးမှူးတို့က ဖွင့်ဖောက်စစ်ဆေးရာ ဆာလာအိတ်များအတွင်းမှ (အလေးချိန် ၁ ကီလိုဂရမ်ခန့်)ပါ ICE မူးယစ်ဆေးဝါး အထုပ်ပေါင်း ၆၄၉ ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၂၉ဝဝဝဝ ကျော်)အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်းနှင့် မူးယစ်ဆေးဝါး များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 24 times Last modified on Friday, 18 October 2019 09:42