SJ WorldNews - шаблон joomla Авто

စိတ်ကြွဆေးပြားများ သိမ်းဆည်း ရမိ

Friday, 18 October 2019 10:14 font size decrease font size decrease font size increase font size increase font size

ညောင်တုန်း၊ မူးယစ်မှု

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ နယ် မဲဇလီစစ်ဆေးရေး ဂိတ်၌ အောက်တိုဘာ ၁၆ ရက် ည ၁၀ နာရီ မိနစ် ၄၀ က WY စာတန်းပါပန်းရောင် စိတ်ကြွဆေးပြား များသိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မဲဇလီစစ်ဆေးရေး ဂိတ်၌ ဒုတိယရဲအုပ်နိုင်အောင်လင်း ဦးစီးအဖွဲ့သည် မူးယစ်ဆေးဝါး သတင်းအရ သက်သေ များနှင့် အတူ စောင့်ဆိုင်းနေစဉ် ခြောက်အိမ်တန်း ကျေးရွာ အိမ်မဲမြို့နေသူ သိန်းဝင်း ၃၉ နှစ် မောင်းနှင်ပြီး ချောင်းဝ ပိုင်းရပ်ကွက် အိမ်မဲ မြို့နေသူ ယာဉ်ပိုင်ရှင် ဆန်းမြင့် ၅၂ နှစ်နှင့် ခြောက်အိမ်တန်းကျေးရွာ အိမ်မဲမြို့နေသူ ချစ်ကိုကို ၃၄ နှစ်တို့လိုက်ပါလာသော ယာဉ် အမှတ် YGN 3D/--- HARRIER  ခဲရောင် ယာဉ်ကို ရပ်တန့်စစ်ဆေးရာ ဆန်းမြင့်၏ ထိုင်ခုံအောက်မှ WY စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၃၈ ပြား တန်ဖိုးငွေကျပ်  ၁၁၄၀၀၀ နှင့် လက်ကိုင်ဖုန်း လေးလုံး တို့အား  ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သိန်းဝင်း၊ ဆန်းမြင့်၊ ချစ်ကိုကို တို့အား မဲဇလီ နယ်မြေရဲစခန်းက မယ(ပ)၂/၂၀၁၉၊ မူး/စိတ် ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။    

Read 22 times Last modified on Friday, 18 October 2019 10:15