SJ WorldNews - шаблон joomla Авто

ကျိုက်ထိုမြို့၌ ယာဉ်တိုက်မှုဖြစ်ပွား

Friday, 18 October 2019 10:15 font size decrease font size decrease font size increase font size increase font size

ကျိုက်ထို၊ ယာဉ်တိုက်မှု

မွန်ပြည်နယ် ကျိုက်ထိုမြို့ စစ်တောင်း ကျေးရွာ ရန်ကုန်- မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ်(၆/၇)နှင့်(၇/၀)အကြားရှိ စားသောက်ဆိုင် အနီး၌ လမ်းဖြတ်ကူးသူ အမျိုးသား တစ်ဦးအား မော်တော်ယာဉ် တစ်စီးက ၀င်ရောက်တိုက်မိမှုဖြစ်ပွား သည်။

ဖြစ်စဉ်မှာ  မွန်ပြည်နယ် ကျိုက်ထိုမြို့  စစ်တောင်း ကျေးရွာ ရန်ကုန်- မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် (၆/၇)နှင့် (၇/၀) အကြားရှိ စားသောက်ဆိုင်အနီး၌ အောက်တိုဘာ ၁၆ရက် ည ၇နာရီက ကျိုက်ထိုမြို့နယ်ဘက်မှ ဝေါမြို့နယ် ဘက် သို့ မော်လမြိုင်မြို့ ဈေးကြိုဆန်တန်း မေတ်္တာလမ်းနေ  ဦးကျော်ဝင်း ၆၂နှစ် မောင်းနှင်လာသော  ယာဉ်အမှတ် YGN 3K/--- Toyota Wish အမျိုးအစား ခဲရောင်မော်တော်ယာဉ်သည်  ကားလမ်းမကြီး၏ ယာဘက်ခြမ်းမှ ၀ဲဘက် ခြမ်းသို့ လမ်းဖြတ် ကူးသူ ကျိုက်ထိုမြို့နယ်  စစ်တောင်းကျေးရွာနေ ဦးမြင့်နိုင် ၅၀နှစ်အား အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက်တိုက် မိပြီး ဦးမြင့်နိုင်တွင် စိုးရိမ်ရ ဒဏ်ရာရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သိမ်ဇရပ် နယ်မြေ ရဲစခန်းက ဦးကျော်ဝင်းအား ယာဉ်(ပ)၃၁/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/ ၃၃၈ အရ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။    

Read 12 times Last modified on Friday, 18 October 2019 10:16