SJ WorldNews - шаблон joomla Авто

မော်လမြိုင်မြို့၌ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

Friday, 18 October 2019 10:16 font size decrease font size decrease font size increase font size increase font size

မော်လမြိုင်၊ မူးယစ်မှု

မွန်ပြည်နယ် မော်လမြိုင်မြို့ ကြာအင်း ကျေးရွာအုပ်စု ဇော်ကုန်းကျေးရွာ မော်လမြိုင်- မုဒုံကားလမ်းမဘေးရှိ    ဟေ၀န် နန်း လက်ဖက်ရည်ဆိုင်အား အောက်တိုဘာ ၁၆  ရက် ညနေ ၃ နာရီခွဲက   သတင်းအရ  ၀င်ရောက်ရှာဖွေရာ   စိတ်ကြွ ဆေးပြား များ သိမ်းဆည်းရမိသည်။

ဖြစ်စဉ်မှာ  မွန်ပြည်နယ် မော်လမြိုင်မြို့  ပြည်နယ်မှုခင်းအကူဌာနစုမှ ရဲအုပ်ဇော်ထိုက် နှင့်တပ်ဖွဲ့ဝင်များသည် မူးယစ် ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ မော်လမြိုင်မြို့  ကြာအင်းကျေးရွာအုပ်စု ဇော်ကုန်းကျေးရွာ  မော်လမြိုင်-မုဒုံကားလမ်းမဘေးရှိ မေသင်းလှိုင် ၄၂ နှစ် ပိုင်ဆိုင်သော ဟေ၀န်နန်း လက်ဖက်ရည်ဆိုင်အား ၀င်ရောက် ရှာ ဖွေရာ  ဆိုင်အတွင်းရှိ ကွပ်ပျစ်ပေါ်၌ မေသင်းလှိုင်နှင့်အတူ တွေ့ရှိရသော အဖြူရောင် ၀က်ဝံရုပ်အတွင်းမှ Enervon-C ပုလင်း အတွင်း အပြာရောင် ကပ်ခွာအိတ်ဖြင့် ထည့်ထားသော WY စာတန်းပါ ပန်းရောင် စိတ်ကြွ ဆေးပြား ၈၀ ပြား၊ R စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြားကိုးပြား၊ R စာတန်းပါ အစိမ်းရောင်စိတ်ကြွဆေးပြား နှစ်ပြား စုစုပေါင်းဆေးပြား ၉၁ ပြား ခန့်မှန်း ကာလတန်ဖိုးငွေကျပ် ၄၅၅၀၀၀ နှင့် ငွေစကူ ရောရာငွေကျပ် ၂၅၀၀၀ တို့ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့ သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ မေသင်းလှိုင်အား မုပွန်နယ်မြေ ရဲစခန်းက မယ(ပ)၃၄/၂၀၁၉၊မူး/စိတ် ဥပဒေပုဒ်မ ၁၉(က)/ ၂၀(က) အရ အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။                 

Read 24 times Last modified on Friday, 18 October 2019 10:18