SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Sunday, 20 October 2019 10:07 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၁၉

ရခိုင်ပြည်နယ်၊   မောင်တောမြို့နယ် အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သတင်းအရ မောင်တောမြို့၊ ဈေးလမ်းဆုံ၌ မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် အောက်တိုဘာ ၁၈ ရက် ည ၁ဝ နာရီခွဲခန့်တွင် မြို့မကညင်တန်းရပ်ကွက်မှ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်နှစ်စီးအား စစ်ဆေးရန်ရပ်တန့်ခိုင်းရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ မြို့မအနောက်ရပ်ကွက်  ဆက်သွယ်ရေး လမ်းဆုံ၌ ဝေယံမင်း(ဘ)ဦးမင်းမင်းဇော်နှင့် အောင်မင်းနိုင်(ဘ) ဦးကျော်နိုင်ဦးတို့ နှစ်ဦးအားWY  စိတ်ကြွ ရူးသွပ်ဆေးပြား ၃၉၉ဝဝဝ  ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၇ဝဝဝ ကျော်)၊ ဆိုင်ကယ်နှစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် ၎င်း မူးယစ်ဆေးဝါးများနှင့် ပတ်သက်ဆက်နွှယ်သည့် ဒေါ်အေးခိုင်ဇင်(ဘ) ဦးကျော်သင်းကိုလည်း ထပ်မံဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအား  မောင်တောမြို့မ ရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း  သတင်း ရရှိသည်။                           

Read 15 times Last modified on Sunday, 20 October 2019 10:08