SJ WorldNews - шаблон joomla Авто

သထုံမြို့နယ်၊ ဘီးလင်းမြစ်၌ တရားမဝင်သစ်များ တင်ဆောင်လာသော စက်လှေနှစ်စင်း ဖမ်းဆီးရမိ

Sunday, 20 October 2019 10:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၁၉

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် အောက်တိုဘာ ၁၈ ရက် ည၆ နာရီ ၁၅ မိနစ်ခန့်တွင် သထုံမြို့၏ အနောက်တောင်ဘက် မီတာ ၁၅ဝဝ ခန့်အကွာရှိ ဘီးလင်းမြစ်၌ စိုးလင်းမြတ်အမည်ရှိ သစ်မှောင်ခိုလှေတစ်စင်းနှင့် သစ်ကဲ့လှေတစ်စင်း တို့ပေါ်တွင် တင်ဆောင်လာသော တရားမဝင် ပိတောက်သစ်ခွဲသား ဆိုဒ်စုံ စုစုပေါင်း ၁ဝ တန်ခန့်အား ဦးရဲကျော်သူ(ဘ)ဦးရဲညွန့်အပါအဝင် အမျိုးသား ကိုးဦးတို့

နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါဖမ်းဆီးရမိသူများအား သထုံမြို့မရဲစခန်း၊ တရားမဝင် သစ်များနှင့် စက်လှေနှစ်စင်း တို့အား  ချောင်းဆုံမြို့နယ်၊ သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 15 times Last modified on Sunday, 20 October 2019 10:33