SJ WorldNews - шаблон joomla Авто

လားရှိုးမြို့နယ်အတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Sunday, 20 October 2019 10:37 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  အောက်တိုဘာ  ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည်   ခါးသျှိကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂၁၅ဝ ခန့်အကွာရှိ မူဆယ်-မန္တလေးသွား ပြည်ထောင်စု ကားလမ်းမပေါ်၌ မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် အောက်တိုဘာ ၁၇ ရက် ညနေ ၄ နာရီခွဲခန့်တွင် လားရှိုးမြို့ဘက်မှ   သီပေါမြို့ဘက်သို့ မောင်းနှင်လာသည့် CZI-125 အမျိုးအစား မော်တော်ဆိုင်ကယ် တစ်စီးအား ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်မောင်းနှင်သူ ကျော်သူစိုး(ဘ) ဦးကျော်ခင်အား 88/1  စာတန်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၄ဝဝ ပြားနှင့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၃၂ဝဝ ပြား(စုစုပေါင်း မူးယစ်ဆေးဝါး ခန့်မှန်းတန်ဖိုးငွေကျပ် ၇၂ သိန်း)၊  ဆက်စပ်ပစ္စည်းနှင့် အတူ ဖမ်းဆီးရမိခဲ့သည်။

 ဖမ်းဆီးရမိသူအား  စစ်ဆေးမေးမြန်းချက်အရ လားရှိုးမြို့၊ အမှတ်(၇)ပါရမီလမ်းသွယ်၊ နယ်မြေ(၁)၊ အမှတ်(၁)ရပ်ကွက်နေအောင်မင်း(ဘ) ဦးလှမောင်၏ နေအိမ်အား ပူးပေါင်းအဖွဲ့သည် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ဝင်ရောက်ရှာဖွေ စစ်ဆေးရာ ၎င်းအားတွေ့ရှိရပြီး စစ်ဆေးမေးမြန်းရာ ခါးသျှိကျေးရွာသွား ကျောက်ကြမ်းလမ်း ယာဘက်အမှိုက်ပုံဘေး ချုံပုတ်အတွင်းရှိ ကားတာယာအတွင်း သိုဝှက်သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် သွားရောက်ရှာဖွေရာ အဆိုပါ တာယာအတွင်း၌WY စာတန်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁ဝ၈ဝဝဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်းပေါင်း ၂၁ဝဝ ကျော်)၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ထပ်မံတွေ့ရှိဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူနှစ်ဦးအား လားရှိုးမြို့မ ရဲစခန်း၌  တရားဥပဒေအရ  အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Read 20 times Last modified on Sunday, 20 October 2019 10:38