SJ WorldNews - шаблон joomla Авто

မသင်္ကာ၍ စစ်ဆေးရာ ခိုးယူထားသော ရွှေထည်ပစ္စည်းများ သိမ်းဆည်းရမိ

Tuesday, 22 October 2019 09:27 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန်းနီမြို့ အမှတ်(၄)ရပ်ကွက်၌ အောက်တိုဘာ ၂ဝ ရက်   ည ၇ နာရီ   မိနစ် ၂ဝ က  ယခင်က ခိုးမှုများကျူးလွန်ဖူးသူအား   မသင်္ကာ၍ စစ်ဆေးရှာဖွေရာမှ     ခိုးရာပါရွှေထည် ပစ္စည်းများ  သိမ်းဆည်းရမိကြောင်း  သိရသည်။

ဖြစ်စဉ်မှာ သိန်းနီမြို့မရဲစခန်းမှ ရဲအုပ်နေဝင်းထွန်း ဦးစီးသောတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ   နယ်မြေအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ်  သိန်းနီမြို့အမှတ်(၄)ရပ်ကွက် ခရစ်ယာန်သင်္ချိုင်းကုန်းသွားရာလမ်း၌ ယခင်က ခိုးမှုများကျူးလွန်ခဲ့ဖူးသူ    လောက်လား(ခ)ဝေလင်းအား စစ်ဆေးရှာဖွေရာ ၄င်းဝတ်ဆင်ထားသော      ဂျင်းဘောင်းဘီရှည် ဝဲဘက်အိတ်ကပ်အတွင်းရှိ သမာဓိရွှေဆိုင်တံဆိပ်ပါ  အနီရောင်ကော်ဘူးအတွင်းမှ  အခေါက်ရွှေဖြင့် ပြုလုပ်ထားသည့် ၁၅ ပဲအလေးချိန်ရှိ ကျန်စစ်ကြိုးပုံ ရွှေဆွဲကြိုးတစ်ကုံး၊ တန်ဖိုးငွေကျပ် ၁ဝဝဝဝဝဝ ခန့်၊     အခေါက်ရွှေဖြင့်ပြုလုပ်ထားသော ၉ ပဲ ၄ ရွေးအလေးချိန်ရှိ    တရုတ်စာပါ လေးထောင့်ပုံလောင်းထားသည့် ရွှေလက်စွပ်တစ်ကွင်း တန်ဖိုးငွေကျပ် ၇၂၄၃၇၅ ခန့်၊ ၁၅ ပဲရည်ရွှေဖြင့် ပြုလုပ်ထားသော အလေးချိန် ၂ ပဲခန့်ရှိ ဘဲဥပုံကျောက်စိမ်းတစ်လုံးပါ ပန်းခက်ပုံလက်စွပ်တစ်ကွင်း တန်ဖိုးငွေကျပ် ၁၂၅ဝဝဝ ခန့်၊  ၁၅ ပဲရည်ရွှေဖြင့် ပြုလုပ်ထားသော အလေးချိန် ၄ ရွေးရှိ လခြမ်းပုံနားကပ်တစ်ရန် တန်ဖိုးငွေကျပ် ၃၁၂၅ဝ ခန့်၊ ၁၅ ပဲရည်ရွှေဖြင့် ပြုလုပ်ထားသော အလေးချိန် ၂ ရွေးခန့်ရှိ ပန်းပွင့်ပုံပါ လေးထောင့်နားကပ်တစ်ဖက် တန်ဖိုးငွေကျပ်  ၁၅၆၂၅ ခန့်၊ ဆင်းကတ်မပါ ဟန်းဆက်တစ်ခု တန်ဖိုး ငွေကျပ် ၁၃ဝဝဝဝ ခန့်တို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ လောက်လား(ခ)ဝေလင်းအား သိန်းနီမြို့မရဲစခန်းက  (ပ)၁၁၄/၂ဝ၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၈ဝ/ကျင့်(၅၄)ဖြင့်  အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Read 18 times Last modified on Tuesday, 22 October 2019 09:29