SJ WorldNews - шаблон joomla Авто

ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး၌ အလှူခံမှန်ပုံးအား ဖောက်ဖျက်၍ အလှူငွေများ ခိုးယူသူနှစ်ဦးကို အမှုဖွင့် အရေးယူ

Tuesday, 22 October 2019 09:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော် အောက်တိုဘာ ၂၁

နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်  ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အနောက်ဘက်မုခ်ရင်ပြင်တော် လိုဏ်အတွင်းရှိ ကကုသံဗုဒ္ဓရုပ်ပွားတော်ရှေ့ရှိ အလှူခံပုံး   အမှတ်(၁၄)အားဖောက်၍ အလှူငွေခိုးယူသည့် မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားနှစ်ဦးကို ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ  ယနေ့နံနက် ၁ နာရီက အလှူခံပုံး အမှတ်(၁၄)အား မျက်နှာဖုံးစွပ်ထားသည့် အမျိုးသားနှစ်ဦးက အလှူငွေ များခိုးယူနေကြောင်း စေတီတော်လုံခြုံရေးအဖွဲ့  CCTV ကြီးကြပ်ထိန်းသိမ်းသူ ဦးမြင့်သန်းက  စောင့်ကြပ်ကြည့်ရှုနေစဉ်

တွေ့ရှိရသဖြင့်   အမှတ်(၁၉) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲမှ ဒုတိယရဲမှူးမြတ်ကျော်သူနှင့်အဖွဲ့၊ ပတ္တာနယ်မြေရဲစခန်းမှ ရဲတပ်ကြပ်ကြီး ဇော်လွင်ဦးနှင့်အဖွဲ့၊   ဥပ္ပါတသန္တိစေတီတော် လုံခြုံရေးနှင့်စည်းကမ်းထိန်းသိမ်းရေးဌာန ဦးစီးမှူး ဦးကံမြင့်တို့ ပါဝင်သော အဖွဲ့တို့ထံ အကြောင်းကြားခဲ့သဖြင့် သွားရောက် စစ်ဆေးခဲ့သည်။ စစ်ဆေးစဉ် အလှူခံမှန်ပုံး ကိုဖောက်ဖျက်၍ အလှူငွေများ ခိုးယူနေသူ နှစ်ဦးအားတွေ့ရှိသဖြင့် စစ်ဆေးမေးမြန်းရာ မျိုးမင်းအေး ၂၂ နှစ် သဲကုန်းရပ်ကွက်  ရေဆင်းကျေးရွာအုပ်စု ဇေယျာသီရိမြို့နယ်နေသူနှင့် တစ်ရပ်ကွက်တည်းနေ ဟန်မိုးထွန်း ၁၅ နှစ်တို့ဖြစ်ကြောင်းသိရှိရပြီး မျိုးမင်းအေးထံမှ မြန်မာငွေစက္ကူရောရာ ၁၅၅၉ဝဝ ကျပ်၊ ကတ်ကြေးတစ်လက်၊ စတီးလ်ဆူးချွန်တစ်ခု၊ ဝက်အူလှည့်နှစ်ချောင်း၊  ဟန်မိုးထွန်းထံမှ မြန်မာငွေစက္ကူရောရာ  ၁၁၉၅ဝ ကျပ်၊  လွယ်အိတ်တစ်လုံး၊ ဆက်စပ်ပစ္စည်းများ၊ ၄င်းတို့စီးနင်းလာသည့် ဃဇှု  အမျိုးအစား ၁၂၅ နက်ပြာရောင်(နံပါတ်မပါ) မော်တော်ဆိုင်ကယ်တစ်စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 ဖြစ်စဉ်နှင့်ပတ်သက်၍   ဒုတိယရဲမှူး မြတ်ကျော်သူက ပတ္တာနယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ရာ   မျိုးမင်းအေးနှင့် ဟန်မိုးထွန်းတို့အား    ပတ္တာရဲစခန်းက (ပ) ၁၁၃/၂ဝ၁၉၊ ရာဇသတ်ကြီးပုဒ်မ၃၈ဝ ဖြင့်  အမှုဖွင့် ဆောင်ရွက်လျက်ရှိကြောင်း   သတင်းရရှိသည်။           

ဇော်မျိုး(နေပြည်တော်)

Read 16 times Last modified on Tuesday, 22 October 2019 09:30