SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်အတွင်း၌ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Tuesday, 05 November 2019 08:44 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ 

ရခိုင်ပြည်နယ်၊  မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် သတင်းအရ နိုဝင်ဘာ  ၃ ရက် ညနေ ၄ နာရီခန့်တွင် လသာကျေးရွာနေ ဟူဆောင်းဒရော်(ဘ) ကီရော် ဒါန်၏နေအိမ်သို့ သွားရောက်ရှာဖွေ စစ်ဆေး ရာ ၎င်းနှင့်အတူ ဇနီးဖြစ်သူ ကရော်တီအား တွေ့ရှိရပြီး နေအိမ်အတွင်းမှ ဆာလာအိတ်ဖြင့် ထည့်ထားသေWY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားအမှုန့် ၅ ဒသမ ၂၇ ဂရမ် ခန့်၊ ဆေးပြား ၇၈ဝဝ ပြား(ခန့်မှန်းတန်ဖိုး ငွေကျပ်သိန်းပေါင်း ၁၂ဝဝ ကျော်)နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အလားတူ ယနေ့နံနက်ပိုင်းတွင်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက မင်္ဂလာကြီးကျေးရွာအနီး   လုံခြုံရေးဆောင်ရွက်စဉ် မင်္ဂလာကြီးချောင်းဘေး အရောက်၌ မသင်္ကာ ဖွယ်ဆာလာအိတ် တစ်အိတ်တွေ့ရှိသဖြင့်  ဖွင့်ဖောက်စစ်ဆေးရာ ဆာလာအိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၄၇၅ဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၉၅ဝ ခန့်)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများနှင့် သိမ်းဆည်းရမိ မူးယစ် ဆေးဝါးများအား မောင်တောမြို့မရဲစခန်းနှင့် ပြင်ဖြူနယ်မြေ ရဲစခန်းတို့၌ လုပ်ထုံးလုပ် နည်းနှင့်အညီ   ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 31 times Last modified on Tuesday, 05 November 2019 08:46