နေပြည်တော် နိုဝင်ဘာ ၎
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သတင်းအရ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ငါးအိုးကျေးရွာ၏ အရှေ့မြောက်ဘက် ၆ မိုင်ခန့် အကွာရှိ တောင်ယာတဲတစ်လုံး အတွင်းသို့ သွားရောက် ရှာဖွေစစ်ဆေးရာ တဲအတွင်းမှ အောင်လင်းဇော်(ဘ) ဦးသန်းနိုင်အားWY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃ဝဝဝဝ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၆ဝဝ ခန့်)၊ လိုင်စင်မဲ့ ဆိုင်ကယ်တစ်စီးတို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူအား မဘိမ်းမြို့နယ် ရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး စနစ်တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။