SJ WorldNews - шаблон joomla Авто

၁၄ သိန်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Tuesday, 05 November 2019 08:57 font size decrease font size decrease font size increase font size increase font size

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ဗောဓိကုန်းကျေးရွာရှိ    နေအိမ်တစ်အိမ်၌ နိုဝင်ဘာ ၃ ရက် နံနက် ၇ နာရီ ၁၅ မိနစ်က မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ ဒုတိယရဲအုပ် မျိုးမြင့်အောင်ဦးစီးသည့် တပ်ဖွဲ့ဝင်များက မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ပူးပေါင်း၍ မိုးညှင်းမြို့နယ် ဗောဓိကုန်းကျေးရွာနေ ဝိုင်းချစ်(ခ)သားငယ်၂ဝ နှစ်၏ နေအိမ်ကိုဝင်ရောက်စစ်ဆေးရှာဖွေရာ ၄င်းအားနေအိမ်တွင် အသင့်တွေ့ရှိရပြီး  ဆက်လက်ရှာဖွေစစ်ဆေးရာ    ကာလတန်ဖိုးငွေကျပ် ၃၅ဝဝဝ ရှိ ဘိန်းဖြူအမှုန့် အလေးချိန် သုည ဒသမ ၅ ဂရမ်နှင့် အပြာရောင်ကပ်ခွာအိတ်များဖြင့် ထည့်လျက်  ကာလတန်ဖိုးငွေကျပ် ၁၃၈ဝဝဝဝ ရှိ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၄၆ဝ ပြားအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိသည်။

 

 ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါး များနှင့်အတူ တွေ့ရှိသည့် ဝိုင်းချစ်(ခ)သားငယ်အား မိုးညှင်းမြို့မ ရဲစခန်းက    မယ(ပ)၂ဝ၇/၂ဝ၁၉၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)အရ အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Read 28 times Last modified on Tuesday, 05 November 2019 08:58