SJ WorldNews - шаблон joomla Авто

ပုလဲ-ဂန့်ဂေါ ကားလမ်းပုံတောင်နတ်ထိပ် အနီး၌ မော်တော်ယာဉ်တိမ်းမှောက်

Tuesday, 05 November 2019 08:58 font size decrease font size decrease font size increase font size increase font size

ပုလဲ-ဂန့်ဂေါကားလမ်း ကျောမြို့အရှေ့ဘက် ၇   မိုင်ခန့်အကွာ မိုင်တိုင်အမှတ်(၆၇/၃)နှင့်(၆၇/၄)အကြား  ပုံတောင်နတ်ထိပ်အနီး၌ နိုဝင်ဘာ ၃ ရက်က မော်တော်ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့မှ ချင်းပြည်နယ်ဘုံးဇုံကျေးရွာသို့    ယာဉ်မောင်းမင်းမင်းဇော် မောင်းနှင်သည့် နံပါတ်မပါ Lifan အပြာရောင်ခြောက်ဘီးယာဉ်သည် ပုလဲ-ဂန့်ဂေါကားလမ်းကျောမြို့ အရှေ့ဘက် ၇ မိုင်ခန့်အကွာ မိုင်တိုင်အမှတ်(၆၇/၃)နှင့်(၆၇/၄)ကြားအရောက်၌   အရှိန်မထိန်းနိုင်ဘဲ ယာဘက်လမ်းဘေးပေ ၅ဝ ခန့်ရှိ ချောက်ထဲသို့ထိုးကျတိမ်းမှောက်သွားခြင်း ဖြစ်သည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါသူ    နှစ်ဦးသေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိသောကြောင့် ကျောမြို့    တိုက်နယ် ဆေးရုံ၌ အတွင်းလူနာအဖြစ်  ဆေးကုသမှု ခံယူလျက်ရှိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ယာဉ်မောင်း မင်းမင်းဇော်အား     ဂန့်ဂေါမြို့ မြို့မရဲစခန်းက    ယာဉ်(ပ)၂၂/၂ဝ၁၉  ရာဇသတ်ကြီး ဥပဒေပုဒ်မ၃ဝ၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

တောင်သားမောင်သန်း

Read 28 times Last modified on Tuesday, 05 November 2019 08:59