SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်၊ မင်္ဂလာကြီးကျေးရွာ၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Thursday, 07 November 2019 08:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   နိုဝင်ဘာ  

ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သတင်းအရ ယနေ့ နံနက် ၇ နာရီခွဲခန့်တွင် မင်္ဂလာကြီးကျေးရွာရှိ လူနေထိုင်ခြင်း မရှိသည့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်ရှေ့  ကွင်းပြင်ရှိ မြေကြီးအတွင်းမြှုပ်နှံထားသည့် အနီရောင် ပလတ်စတစ်အိတ် နှစ်အိတ်အတွင်းမှ WYစာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၅ဝဝ ပြား(ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၃၇ဝ ခန့်)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ပြင်ဖြူနယ်မြေရဲစခန်းသို့ စနစ် တကျလွှဲပြောင်း အပ်နှံခဲ့ကြောင်း သတင်းရရှိသည်။                         

Read 29 times Last modified on Thursday, 07 November 2019 08:06