SJ WorldNews - шаблон joomla Авто

ကျိုင်းတောင်းမြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

Thursday, 07 November 2019 08:26 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   နိုဝင်ဘာ  

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျိုင်းတောင်းမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၉ နာရီခန့်တွင် ကျိုင်းတောင်းမြို့၏ အနောက်ဘက် ၉ မိုင်ခန့်အကွာသို့ အရောက်၌ တရားမဝင် စုပုံထားသော ကျွန်းသစ်လုံးနှင့် သစ်ခွဲသားဆိုဒ်စုံ ၄၂ တန်ခန့်၊ ထော်လာဂျီယာဉ်တစ်စီး၊ ၃ ပေလွှဝိုင်းနှစ်ချပ်နှင့် အင်ဂျင်တစ်လုံးတို့အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်းရမိ တရားမဝင် သစ်များနှင့် ဆက်စပ်ပစ္စည်းများအား ကျိုင်းတောင်းမြို့နယ်   သစ်တောဦးစီးဌာနသို့ စနစ်တကျလွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။       

Read 25 times Last modified on Thursday, 07 November 2019 08:27