SJ WorldNews - шаблон joomla Авто

တာချီလိတ်မြို့၌ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ

Thursday, 07 November 2019 08:55 font size decrease font size decrease font size increase font size increase font size

တာချီလိတ်  နိုဝင်ဘာ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်၌ ယနေ့မွန်းလွဲပိုင်းတွင် စိတ်ကြွဆေးပြားနှင့်အတူ အမျိုးသားနှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့မွန်းတည့် ၁၂ နာရီတွင် မူးယစ်တပ်ဖွဲ့စု ၃ဝ တာချီလိတ်မှ ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များ ပါဝင်သော အဖွဲ့သည် သတင်းအရ စောင့်ဆိုင်းနေစဉ် လောဝူးဆိုသူသည် အာခါဈေးမီးပွိုင့်ဘက်မှ အာခါဈေးလမ်းအတိုင်း လမ်းလျှောက်လာစဉ်  ရပ်တန့်ထိန်းသိမ်း ရှာဖွေရာ  ၎င်း၏ ဝဲဘက်လက်တွင် ကိုင်ထားသော အကြည်ရောင်အိတ်အတွင်းရှိ ဆေးလိပ်ဘူးခွံအတွင်းထည့်လျက် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွဆေးပြား ၄ဝဝဝ ပြား ကာလတန်ဖိုး ငွေကျပ် ၄ဝဝဝဝဝဝ ခန့်တို့အား ရှာဖွေသိမ်းဆည်း ခဲ့သည်။ လောဝူး၏ ထွက်ဆိုချက်အရ သိမ်းဆည်းရမိသော စိတ်ကြွဆေးပြားများမှာ ဝိန်းကျောက်ရပ်ကွက်ရှိ  အာခါဈေးလမ်း အမှတ်--- အိမ်ခန်းငှား အခန်း----တွင် နေထိုင်သူ လောက်လင်းဆိုသူမှ ရောင်းချခိုင်းသော ပစ္စည်းများ ဖြစ်ကြောင်း သိရှိရသဖြင့်  လောဝူးနှင့်  စိတ်ကြွဆေးပြားများ ရောင်းချခိုင်းသူ လောက်လင်းတို့ နှစ်ဦးအား တာချီလိတ်မြို့မ ရဲစခန်းတွင် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း   သတင်းရရှိသည်။

Read 19 times Last modified on Thursday, 07 November 2019 09:03