SJ WorldNews - шаблон joomla Авто

ခရီးသည် တင်ယာဉ် တစ်စီး ရှေ့ယာဉ်ကိုကျော်တက်ရာ ဆိုင်ကယ်နှင့် တိုက်မှုဖြစ်ပွား

Thursday, 07 November 2019 10:06 font size decrease font size decrease font size increase font size increase font size

ကလော၊ ယာဉ်တိုက်မှု

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလော မြို့နယ် ဟဲဟိုးမြို့အနောက်ဘက် နှစ်မိုင်ခန့်အကွာ   ပြည်ထောင်စုလမ်းမကြီး၌  နိုဝင်ဘာ ၅ ရက် နံနက် ၁၀ နာရီက  ခရီးသည်တင်ယာဉ်တစ်စီး ရှေ့ယာဉ်ကို ကျော်တက်ရာမှ   ဆိုင်ကယ်နှင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး   ဆိုင်ကယ်မောင်းနှင်သူ  သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကလောမြို့နယ် ဟဲဟိုးမြို့ အနောက်ဘက် နှစ်မိုင်ခန့်အကွာ ပြည်ထောင်စုလမ်းမကြီးတွင်  တောင်ကြီးမြို့ ဘက်မှ အောင်ပန်းမြို့ဘက်သို့ ယာဉ်မောင်း  စောလင်းမိုး ၂၇ နှစ် မောင်းနှင်လာသည့်  ခရီးသည်တင်ယာဉ် MDY /9N----YUTONG  မှန်လုံယာဉ်သည် လားရာတူ ရှေ့မှ  မောင်းနှင်နေသည့် ယာဉ်ကို ကျော်တက်ရန်  တစ်ဖက်ယာဉ် ကြောသို့ ၀င်ရောက်မောင်းနှင်စဉ် မျက်နှာချင်းဆိုင် အောင်ပန်းမြို့ဘက်မှ  တောင်ကြီးမြို့ဘက်သို့ ယာဉ်မောင်း ဦးငြိမ်းမင်း ထက်  ၃၂ နှစ် မောင်းနှင် လာသည့်  ၆၂ယ/----  KENBO- 110 အနက်ရောင် ဆိုင်ကယ်အား  မှန်လုံယာဉ်၏  နောက်ပိုင်းဖြင့်  ပွတ်ချိတ် မိပြီး ဆိုင်ကယ်မှာ တစ်ဖက် ယာဉ်ကြော အတွင်းသို့ ရောက်ရှိသွားသည်။

၎င်းဆိုင်ကယ်ကို အဆိုပါ မှန်လုံယာဉ်၏ နောက်တွင် ကပ်လျက်မောင်းနှင်လာသော အံ့ကိုကို ၂၇ နှစ် မောင်းနှင်လာ သည့်  MDY/ 6E----TOYOTA   MARK X အညိုရောင် မော်တော်ယာဉ် က ထပ်မံဝင်ရောက် တိုက်မိခဲ့သည်။ အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ် ယာဉ်မောင်း ဦးငြိမ်းမင်းထက်တွင် ဦးခေါင်း နောက်စေ့ကွဲ၊ ၀ဲယာဘက် ခြေထောက် ပေါက်ပြဲ ဒဏ်ရာများဖြင့်  အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး MDY/ 9N---- YUTONG မှန်လုံယာဉ်သည် ရပ်တန့်ခြင်း မရှိဘဲ မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့်  အောင်ပန်းမြို့  ပြည်သူ့ဆေးရုံ အနီးတွင် ဖမ်းဆီးရမိကြောင်း သိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စောလင်းမိုးနှင့် အံ့ကိုကိုတို့ နှစ်ဦးကို ဟဲဟိုးနယ်မြေရဲစခန်းက ယာဉ်(ပ)၂၇/၂၀၁၉၊ ရာဇ သတ်ကြီး ပုဒ်မ-၃၀၄-က/၂၀၂/၂၇၉ ဖြင့်  အမှုဖွင့် ဆောင်ရွက်ထားကြောင်း သိရသည်။

 

Read 18 times Last modified on Thursday, 07 November 2019 10:07