SJ WorldNews - шаблон joomla Авто

ဘိန်းဆီခဲများ သိမ်းဆည်းရမိ …..

Thursday, 07 November 2019 10:07 font size decrease font size decrease font size increase font size increase font size

ကလော၊ မူးယစ်ဆေးဝါးမှု

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလော မြို့နယ် ပင်လောင်း- အောင်ပန်းသွားလမ်း ဘော်နင်းကုန်းကျေးရွာအနီး၌ နိုဝင်ဘာ ၅ ရက်ညနေ ၄ နာရီက ဘိန်းဆီခဲ ၉၀ ဂရမ် သိမ်းဆည်းရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု(၂၅)တောင် ကြီးမှရဲအုပ် စိုးနိုင် ဦးစီးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့သည် သက်သေများ နှင့်အတူ  ကလောမြို့နယ် ဘော်နင်းကုန်းကျေးရွာ အနီး ပင်လောင်း- အောင်ပန်းသွား ကားလမ်း၌  မူးယစ်ဆေးဝါး သတင်းအရ မော်တော်ယာဉ် နှင့်ဆိုင်ကယ်များအား ရှာဖွေစစ်ဆေးနေစဉ် ပင်လောင်းဘက်မှ ကလောဘက်သို့  ၀င်းခန့်မိုး(ခ) ၀င်းခန့်မောင်းနှင်လာသည့်  ယာဉ်အမှတ် ၅၉ယ/………. STAR SKY WAVE 100 အမျိုးအစား အနက်ရောင် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ၀င်းခန့် လွယ်ထားသော အနက်ရောင်လွယ်အိတ် အတွင်းမှ အနက်ရောင် ကြွပ်ကြွပ် အိတ်ဖြင့် ထုပ်ထားသည့် ဘိန်းဆီခဲ   ၉၀ ဂရမ်ခန့်   စုစုပေါင်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀  ခန့် ကို ရှာဖွေတွေ့ရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ၀င်းခန့်အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

Read 27 times Last modified on Thursday, 07 November 2019 10:09