SJ WorldNews - шаблон joomla Авто

တာချီလိတ်မြို့၌ စိတ်ကြွမူးယစ်ဆေးပြားများ ဖမ်းဆီးရမိ

Friday, 08 November 2019 08:52 font size decrease font size decrease font size increase font size increase font size

တာချီလိတ်  နိုဝင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်၌ ယနေ့နံနက်ပိုင်းတွင် စိတ်ကြွဆေးပြားများနှင့်အတူ အမျိုးသားတစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၉ နာရီတွင် မူးယစ်တပ်ဖွဲ့စု ၃ဝ တာချီလိတ်မှ ရဲတပ်ဖွဲ့ဝင်များ၊ နယ်ထိန်း တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့များ ပါဝင်သော အဖွဲ့သည် သက်သေများနှင့်အတူ   မူးယစ်ဆေးဝါး သတင်းအရ ရန်အောင်မြေ ရပ်ကွက်ရှိ အမှတ်------ နေအားဆာဆိုသူ၏ နေအိမ်အား မူးယစ်ဆေးဝါး ရှာဖွေခွင့်ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေရာ အားဆာအား နေအိမ်တွင် တွေ့ရှိပြီး ၎င်းအိပ်သည့် နေအိမ်အိပ်ခန်းအတွင်း  ဗီရိုပေါ်ရှိ နားကြပ်ထည့်သည့် စက္ကူဘူးအတွင်းမှ WY စာတန်းပါ နီညိုရောင် စိတ်ကြွဆေးပြား ၆ဝဝ ပြား ကာလတန်ဖိုးငွေကျပ် ၆ဝဝဝဝဝတို့အား  ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အားဆာအား တာချီလိတ်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဥပဒေအရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

Read 26 times Last modified on Friday, 08 November 2019 08:54