SJ WorldNews - шаблон joomla Авто

ဟိုပုံးမြို့နယ်အတွင်း တရားမဝင်သစ်များ သိမ်းဆည်းရမိ

Friday, 08 November 2019 08:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုပုံးမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁၂ နာရီခန့်တွင် မိုင်းပျဉ်းကျေးရွာ၏ မြောက်ဘက်၈ မိုင်ခန့်အကွာသို့ အရောက်၌ တရားမဝင် စုပုံထားသည့် အင်သစ်လုံးနှင့် သစ်ခွဲသား ဆိုဒ်စုံ ၂၄ တန်ခန့်အား ပိုင်ရှင်မဲ့ တွေ့ရှိသိမ်းဆည်း ရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ သစ်များအား ဟိုပုံးမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။                

Read 25 times Last modified on Friday, 08 November 2019 09:00