SJ WorldNews - шаблон joomla Авто

ဆိုင်ကယ်စီးနင်း လာသူထံမှ စိတ်ကြွ ဆေးပြားများ ရှာဖွေတွေ့ရှိ

Friday, 08 November 2019 09:59 font size decrease font size decrease font size increase font size increase font size

ခင်ဦး၊ မူးယစ်မှု

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် ကံသစ်ကျေးရွာ သုသာန်အနီး ခင်ဦး- ရေဦးကားလမ်း၌ နိုဝင်ဘာ ၆ ရက်နံနက် ၉ နာရီ ခွဲက ဆိုင်ကယ်စီးနင်း လာသူထံမှ စိတ်ကြွ ဆေးပြားများရှာဖွေတွေ့ရှိကြောင်း  သိရသည်။

ဖြစ်စဉ်မှာ ခင်ဦးမြို့နယ် ညောင်ပင်ကြီးစု ရဲကင်းမှူး ဒုတိယရဲအုပ်စိုးပိုင်ထွန်းနှင့်အဖွဲ့သည် သတင်းအရ ခင်ဦးမြို့နယ် ကံသစ် ကျေးရွာသုသာန်အနီး ခင်ဦး-ရေဦးကားလမ်း ၌  ခင်ဦးမြို့နယ်  ကွမ်းတိုင်းကျေးရွာနေ စိန်လွင် ၅၀ နှစ်မောင်း နှင်လာသည့် နံပါတ်မပါ KENBO-125 ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၎င်း၏ လွယ်အိတ်အတွင်းမှ ကပ်ခွာ အိတ်ဖြင့် ထည့်ထားသော WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၁၆၀ ပြားနှင့်  မြန်မာငွေကျပ်  ၃၀၀၀၀ ခန့် သိမ်းဆည်း ရမိသည်။

ဆက်လက်၍ မြို့မရဲစခန်း ခေတစခန်းမှူး  ရဲအုပ် အောင်အောင်၊ ညောင်ပင်ကြီးစု ရဲကင်းမှူး  ဒုတိယရဲအုပ် စိုးပိုင် ထွန်းနှင့် တပ်ဖွဲ့ဝင်များသည် ကွမ်းတိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသန်းမောင်နှင့်အတူ စိန်လွင်၏ နေအိမ်ကို ဆက်လက် ရှာဖွေရာ  နေအိမ်အောက်ထပ် အိမ်ရှေ့ခန်းအတွင်းရှိ စားပွဲခုံအနီးမှ  တိပ်အမည်းဖြင့်ပတ်ထားသော ပလတ်စတစ် ကော်ဘူး အသေးအတွင်း မှ WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား၄၅ ပြားပါ တစ်ဘူးနှင့် မူးယစ် ဆေးဝါးသုံးစွဲရာတွင်   အသုံးပြုသည့် တိပ်အမည်း ပတ်ထားသည့် ပလတ်စတစ် ဘူးသေး လေးဘူး၊ ခဲပြားလိပ်တစ်ခု တို့ကို သိမ်းဆည်းရမိသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စိန်လွင်အား ခင်ဦးမြို့မရဲစခန်းက မူးယစ်(ပ)အမှတ် ၇/၈/၂၀၁၉၊ မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)/ ၂၀(က)အရ အမှုဖွင့် ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

စံကျော်အုန်း

Read 27 times Last modified on Friday, 08 November 2019 10:00