SJ WorldNews - шаблон joomla Авто

မိတ်္ထီလာ- ကျောက်ပန်းတောင်း ကားလမ်း၌ ယာဉ်တိုက်မှုဖြစ် ၂၂ ဦးဒဏ်ရာရရှိ

Friday, 08 November 2019 10:00 font size decrease font size decrease font size increase font size increase font size

မိတ်္ထီလာ၊ ယာဉ်တိုက်မှု

မနလေးတိုင်းဒေသကြီး မိတ်္ထီလာမြို့နယ် ဆည်ကုန်း(အနောက်)ကျေးရွာအနီး ဂွေ့ကြီး ဘုန်းတော်ကြီးကျောင်းရှေ့    မိတ်္ထီလာ- ကျောက်ပန်းတောင်း ကားလမ်းပေါ်၌ နိုဝင် ဘာ ၆ ရက်ညနေ ၄ နာရီ မိနစ် ၂၀ က ယာဉ်တိုက်မှုဖြစ်ပွားရာ ၂၂ ဦးဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မိတ်္ထီလာ-ကျောက်ပန်းတောင်းကားလမ်း   မိုင်တိုင်အမှတ်(၅/၃)နှင့် (၅/၄)အကြားတွင် မိတ်္ထီလာမြို့နယ် သီးကုန်း ကျေးရွာနေ  ယာဉ်မောင်း ထူးထူးကျော် မောင်းနှင်လာသော YGN 8K/---- Light Truck အဖြူရောင် ယာဉ် သည် အရှိန်မထိန်းနိုင်ဘဲ   ၀ဲဘက်ယာဉ်ကြောသို့ ရောက်ရှိပြီး  မိတ်္ထီလာမြို့နယ်    ဂွေးကုန်းကျေးရွာနေ  လွှမ်းမိုးအောင် မောင်းနှင် လာသည့် MDY 9M/---- Canter  Titan အဖြူရောင် ခြောက်ဘီးယာဉ်၏   ၀ဲဘက်ခြမ်းအား  ၀င်ရောက် တိုက်မိသည်။ ယာဉ်တိုက်မှုကြောင့် Light Truck ယာဉ်မောင်း ထူးထူးကျော် နှင့်အတူ ယာဉ်ပေါ်ပါ အမျိုးသမီးနှစ်ဦး၊ Canter Titan ယာဉ်ပေါ်ပါ အမျိုးသား နှစ်ဦး၊  အမျိုးသမီး ၁၇ ဦးတို့ ဒဏ်ရာရရှိသွားသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ထူးထူးကျော်အား အမှတ်(၁)နယ်မြေရဲစခန်းက ယာဉ်(ပ)၄၆/၂၀၁၉၊ ရာဇသတ် ကြီးပုဒ်မ-၃၀၄-က/၃၃၈/၃၃၇ ဖြင့် အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။

.............

 

Read 31 times Last modified on Friday, 08 November 2019 10:01