SJ WorldNews - шаблон joomla Авто

မိုးကုတ်မြို့နယ်၊ လယ်ကြီးကျေးရွာ အထွက်၌ မူးယစ်ဆေးဝါးများ သယ်ဆောင်လာသူအား ဖမ်းဆီးရမိ

Monday, 11 November 2019 09:23 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   နိုဝင်ဘာ  ၁၀

မန္တလေးတိုင်းဒေသကြီး၊   မိုးကုတ်မြို့နယ်၊ လယ်ကြီးကျေးရွာအထွက်   အရှေ့ဘက် မီတာ၁၀၀ ခန့်အကွာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က   ယာဉ်ဝင်/ထွက်မှုများအား စစ်ဆေးဆောင်ရွက်စဉ် နိုဝင်ဘာ ၉ ရက် မွန်းလွဲ    နာရီခန့်တွင် ကျောက်မဲမြို့ဘက်မှ အိုက်နိုင်(ဘ)ဦးအိုက်စံ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား  ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်အတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၅၇၉၀ ပြား (ခန့်မှန်းတန်ဖိုးငွေ ကျပ်သိန်းပေါင်း ၉၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မော်တော်ဆိုင်ကယ်၊ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူအား မိုးကုတ်မြို့မရဲစခန်း၌ တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။               

Read 37 times Last modified on Monday, 11 November 2019 09:23