နေပြည်တော် နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာလေမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၉ ရက် ည ၆ နာရီ မိနစ် ၂၀ ခန့်တွင် တာလေမြို့ စည်ပင်သာယာရေးရုံးရှေ့ ကားလမ်းမပေါ်တွင် တာလေမြို့ဘက်မှ မိုင်းဖြတ်မြို့ဘက်သို့ ဦးတည်ရပ်တန့်ထားသော Hino၁၀ ဘီးယာဉ်အမျိုးအစား ယာဉ်အမှတ်၊ 7J/----အား Vigo အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 2J/---သည် နောက်မှဝင်ရောက် တိုက်မိခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားခဲ့ကြောင်း သတင်းအရ သွားရောက်စစ်ဆေးစဉ် ၎င်းမော်တော်ယာဉ်၏ နောက်ခန်းမှ ဆာလာအိတ် ၂၀ လုံး တွေ့ရှိ၍ စစ်ဆေးခဲ့ရာ စုစုပေါင်း ကဖင်း ၅၀၀ ကီလိုခန့်(ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၄၀၀)အား ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ မော်တော်ယာဉ်နှင့် မူးယစ်ဆေးဝါးများအား တာလေမြို့မရဲစခန်းသို့စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။