SJ WorldNews - шаблон joomla Авто

မိုင်းခုတ်မြို့၌ မီးလောင်မှုဖြစ်ပွား

Monday, 11 November 2019 10:46 font size decrease font size decrease font size increase font size increase font size

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့ အမှတ်(၂)ရပ်ကွက် နောင်မွန်ကျေးရွာ၌ နိုဝင်ဘာ ၉ ရက် နံနက် ၄ နာရီက လျှပ်စစ်ဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ   မိုင်းဆတ်မြို့နယ် မိုင်းခုတ်မြို့ အမှတ်(၂)ရပ်ကွက် နောင်မွန်ကျေးရွာနေ ဦးအင်းကျန်၏ အလျား ၂၁ ပေ၊ အနံ ၁၈ ပေရှိ သွပ်မိုး၊ ပျဉ်ခင်း၊ ပျဉ်ကာနေအိမ်တွင်   လျှပ်စစ်ဝါယာရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းရာ မိုင်းခုတ်မြို့မီးသတ်စခန်းမှ လက်ထောက်ဦးစီးမှူး ဦးသက်လွင်ဇော်ပါ   မီးသတ်တပ်ဖွဲ့ဝင်လေးဦးနှင့် ဒေသခံပြည်သူများ ၀ိုင်းဝန်းငြှိမ်းသတ်မှုကြောင့် နံနက်၅ နာရီခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။

 မီးလောင်မှုကြောင့် နေအိမ်တစ်လုံး၊ အိမ်အသုံးအဆောင် ပစ္စည်းများ၊ လက်တွန်းထွန်စက်တစ်စီးနှင့် ဆိုင်ကယ်တစ်စီးတို့ မီးလောင်ကျွမ်းခဲ့ပြီး တန်ဖိုးငွေကျပ် ၁၂၀၀၀၀၀ ဆုံးရှုံးခဲ့ကြောင်းနှင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း၊ မီးဘေးသင့်ပြည်သူများအား နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ခေတ္တနေရာ ချထားပေးကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသူ ဦးအင်းကျန်အား မိုင်းခုတ်မြို့    နယ်မြေရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်ထားကြောင်း   သိရသည်။  

Read 36 times Last modified on Monday, 11 November 2019 10:47