SJ WorldNews - шаблон joomla Авто

ဘိန်းဖြူများ ဖမ်းဆီးရမိ

Monday, 11 November 2019 10:49 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ပင်လည်ဘူးမြို့နယ် ပင်လည်ဘူး-ဖောင်းပြင် ကားလမ်းရှိ ရဝေတောင်အတက်၌ နိုဝင်ဘာ ၉ ရက် ညနေ ၄ နာရီခွဲက ဆိုင်ကယ်ဖြင့် ဘိန်းဖြူများ   သယ်ဆောင်လာသူတစ်ဦး     ဖမ်းဆီးရမိကြောင်း မြို့မရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ    မူးယစ်ဆေးဝါး သတင်းအရ     မြို့မရဲစခန်းမှ ဒုတိယရဲအုပ်ကိုကိုနိုင်တို့ အဖွဲ့သည် မြို့မရပ်ကွက်  အုပ်ချုပ်ရေးမှူး ဦးတိုး၊   ဦးကျော်လင်းအောင်၊ ဦးချိုမင်းတို့နှင့်အတူ ပင်လည်ဘူး-ဖောင်းပြင် ကားလမ်းရှိ ရဝေတောင် အတက်တွင်   စောင့်ဆိုင်းနေစဉ် ပင်လည်ဘူးမြို့ဘက်မှ   ပင်လည်ဘူးမြို့နယ်  ခေါက်စင်းကျေးရွာနေ  သိန်းဝင်း ၅၃ နှစ် မောင်းနှင်လာသော နံပါတ်မပါ CANDA-125 အမျိုးအစား အနက်ရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ၎င်းလွယ်ထားသော လွယ်အိတ်အတွင်းမှ ရောင်စုံဆပ်ပြာခွက်များဖြင့် ထည့်ထားသည့်  ဘိန်းဖြူဟုယူဆရသော ဖြူ/၀ါရောင် အမှုန့်တစ်ခွက်လျှင်  အလေးချိန် ၉ ဂရမ်ခန့်စီပါ ဆပ်ပြာခွက်စုစုပေါင်း ၁၁ ခွက်  တွေ့ရှိသိမ်းဆည်း ခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ သိန်းဝင်း အား ပင်လည်ဘူးမြို့မရဲစခန်းက မယ(ပ)၈၃/၂၀၁၉၊    မူး/စိတ်ဥပဒေပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Read 38 times Last modified on Monday, 11 November 2019 10:49