SJ WorldNews - шаблон joomla Авто

သစ်များတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး တောင်ကုန်းအတက်၌ နောက်သို့ လန်ကျကာ တိမ်းမှောက်မှုဖြစ်

Wednesday, 13 November 2019 09:18 font size decrease font size decrease font size increase font size increase font size

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်   ကလိန်အောင်မြို့ နတ်အိမ် တောင်ကားလမ်း၌ နိုဝင်ဘာ၁၂ ရက်  နံနက်ပိုင်းက သစ်များတင်ဆောင်လာသည့် မော်တော်ယာဉ်တစ်စီး တောင်ကုန်းအတက်တွင် မတက်နိုင်ဘဲ    နောက်သို့လန်ကျကာ လမ်းဘေးသို့ ထိုးကျတိမ်းမှောက်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ   ကလိန်အောင်နယ်မြေရဲစခန်းတွင် တာဝန်မှူး တာဝန်ထမ်းဆောင်နေသော ဒုတိယ ရဲအုပ် သက်ဆွေလင်း သည် နတ်အိမ်တောင်သွား  ကားလမ်းဘေးတွင် မော်တော်ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းအရ သက်သေများနှင့်အတူ သွားရောက် ကြည့်ရှုရာ ယာဉ်မောင်း(စုံစမ်းဆဲ) မောင်းနှင်ပြီး ပျဉ်းမသစ်စကွဲယားတုံးကိုးတုံး၊ ယောင်ခြမ်း ခြောက်ခြမ်း(ခန့်မှန်းသစ်ခွဲသား ၁ တန်ခွဲခန့်) တင်ဆောင်ထားသည့် ယာဉ်အမှတ် တပ်ဆင်ခြင်းမရှိသော    FAW  ကျောက်တင်ကား   အပြာရောင် ခြောက်ဘီးယာဉ်သည်  နတ်အိမ်တောင်သွားကားလမ်းမှ  ရေး-ထားဝယ်    ကားလမ်းဘက်သို့ မောင်းနှင်လာစဉ်   ကုန်းတက်ကို မတက်နိုင်ဘဲ နောက်သို့လန်ကျကာ လမ်းဝဲဘက်ခြမ်း ၆ ပေခန့်နက်သည့် ချောက်အတွင်းပြုတ်ကျပြီး ယာဉ်ဦးခေါင်းပိုင်း  မီးလောင်ကျွမ်းထားကြောင်း  စစ်ဆေးသိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်ပေါ်ပါ သစ်ခွဲသားများကို ကလိန်အောင်မြို့      သစ်တောဘိနယ်မှ ထိန်းသိမ်းထားရှိကာ  အမှုဖွင့်လှစ်နိုင်ရေး   ဆောင်ရွက်လျက်ရှိပြီး ယာဉ်မောင်း(စုံစမ်းဆဲ)အား ကလိန်အောင် မြို့မရဲစခန်းက ယာဉ်(ပ) ၁၉/၂ဝ၁၉၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၇၉/၂၈၅ ဖြင့်  အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း  သိရသည်။

 

 

Read 32 times