SJ WorldNews - шаблон joomla Авто

ဆိုလာပြား အပူလွန်ကဲရာမှ နေအိမ်မီးလောင်မှုဖြစ်

Wednesday, 13 November 2019 09:20 font size decrease font size decrease font size increase font size increase font size

မကွေးတိုင်းဒေသကြီး   ရေနံချောင်းမြို့နယ်   အုတ်ရှစ်ကုန်းကျေးရွာ၌ နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲက ဆိုလာပြား အပူလွန်ကဲရာမှ နေအိမ်မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေနံချောင်းမြို့နယ် အုတ်ရှစ်ကုန်းကျေးရွာ အနောက်ပိုင်းနေ ဦးမင်းမင်းထွန်း၏ နေအိမ်တွင် ဘက်ထရီအားသွင်းထားသော ဆိုလာပြားအပူလွန်ကဲပြီး အနီးရှိထရံမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းရာ ၁၂ ပေ x ၁၅ ပေ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း  တစ်ထပ်နေအိမ်တစ်လုံး၊   ဆိုလာပြားနှင့် ဆက်စပ်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့သည်။

မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးမှူး  ဦးသန်းနိုင်ဦး ဦးဆောင်သော သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့် ကျေးရွာသူကျေးရွာသားများက အုပ်ချုပ်မှုယာဉ်တစ်စီးဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ကြသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး မင်းလှမြို့နယ် အလယ်ကုန်းအုပ်စု အလယ်ကုန်းကျေးရွာ၌ နိုဝင်ဘာ ၁၁ ရက်  မွန်းလွဲ ၂ နာရီခွဲက ရေနွေးအိုးတည်ရာမှ     နေအိမ်သုံးလုံး     မီးလောင်ကျွမ်းမှုဖြစ်ပွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ မင်းလှမြို့နယ် အလယ်ကုန်းကျေးရွာနေ ဦးသိန်းအောင်၏ နေအိမ်တွင် ရေနွေးအိုးတည်ရာမှ အပူလွန်ကဲကာ  မီးစတင်လောင်ကျွမ်းပြီး  အနီးရှိ သုံးပင်ပတ်လည် သွပ်မိုး၊ ထရံကာ၊  ဝါးကြမ်းခင်း  နေအိမ်နှစ်လုံးအား    မီးကူးစက်လောင်ကျွမ်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍   မင်းမင်းထွန်းအား   ရေနံချောင်းမြို့နယ် လက်မှတ်ကုန်း နယ်မြေရဲစခန်းကလည်းကောင်း၊  သိန်းအောင်အား မင်းလှမြို့မရဲစခန်းကလည်းကောင်း အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ကိုစိုးကြီး၊ ပေါက်စမင်းလှ

Read 32 times Last modified on Wednesday, 13 November 2019 09:21