SJ WorldNews - шаблон joomla Авто

ကျွန်းစုမြို့အနီး ပင်လယ်ပြင် အတွင်း တရားမ၀င်သစ်များ ဖမ်းဆီးရမိ

Wednesday, 13 November 2019 10:14 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   နိုဝင်ဘာ   ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့အနီး မြန်မာ့ပင်လယ်ပြင် အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ယနေ့နံနက် ၁ နာရီခန့်တွင် ကျွန်းစုမြို့၏ တောင်ဘက် ရေမိုင် ၁၄ မိုင်ခန့်အကွာသို့ အရောက်၌ အလျား ၄၈ ပေ၊ အနံ ၁၁ ပေ၊ ရေစူး ၄ ဒသမ ၆ ပေခန့်ရှိ စက်လှေပေါ်မှ ဦးသန်းဇော်(ဘ)ဦးသန်းရီ  အပါအ၀င် အမျိုးသားသုံးဦးတို့ကို   လှေပေါ်တွင် တင်ဆောင်လာသည့် တရားမ၀င် သစ်ခွဲသားဆိုဒ်စုံ ၇ ဒသမ ၅ တန်ခန့်နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါစက်လှေ၊ တရားမ၀င်သစ်များနှင့်အတူ ဖမ်းဆီးရမိသူများအား ကျွန်းစုမြို့ သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဖြစ်ကြောင်း   သတင်း ရရှိသည်။

Read 35 times Last modified on Wednesday, 13 November 2019 10:15