SJ WorldNews - шаблон joomla Авто

တာချီလိတ်မြို့နယ်၊ ပါလကျေးရွာ၌ လက်နက်နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

Thursday, 14 November 2019 08:33 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ  ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် လွယ်တော်ခမ်း ကျေးရွာအုပ်စု၊ ပါလကျေးရွာနေ ဦးလော်ထူ(ဘ) ဦးစန်းအောင်၏ နေအိမ်အား နိုဝင်ဘာ၁၂ ရက်ည ၁၀ နာရီခွဲခန့်တွင် သတင်းအရ သွားရောက်ရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ ပွိုင့်-၃၈ ခြောက်လုံးပြူး သေနတ်တစ်လက်၊ ဘိန်းမည်း ၇ ကီလို (ခန့်မှန်းတန်ဖိုးငွေကျပ် သိန်း ၁၀၀ ကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ လက်နက်၊ မူးယစ်ဆေးဝါးများနှင့် အတူ ဖမ်းဆီးရမိသူအား တာချီလိတ်မြို့ရှိ    မူးယစ်တပ်ဖွဲ့စုသို့   စနစ်တကျ လွှဲပြောင်း အပ်နှံခဲ့ကြောင်း  သတင်းရရှိသည်။

Read 34 times Last modified on Thursday, 14 November 2019 08:34