SJ WorldNews - шаблон joomla Авто

မောင်တောမြို့နယ်၊ လာသာကျေးရွာ အနီး၌ ငွေကျပ်သိန်းပေါင်း ၃၃၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Thursday, 14 November 2019 08:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   နိုဝင်ဘာ  ၁၃

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သတင်းအရ ယနေ့နံနက် ၁၀ နာရီ မိနစ် ၅၀ ခန့်တွင် လာသာကျေးရွာ၏ အရှေ့ဘက်မီတာ ၁၀၀၀ ခန့်အကွာရှိ လယ်ကွင်းပြင်အနီး၌ လူနေထိုင်ခြင်း မရှိသည့်နေအိမ်အား သွားရောက်ရှာဖွေရာ အိမ်ရှေ့ခြံစည်းရိုးတွင် အဖြူရောင် ဆာလာအိတ်တစ်အိတ်အား တွေ့ရှိသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ အိတ်အတွင်းမှ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၁၆၅၇၅၀ ပြား(ခန့်မှန်း တန်ဖိုးငွေကျပ်သိန်းပေါင်း ၃၃၀၀ ကျော်) အား    ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား မောင်တောမြို့မရဲစခန်းသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်း ရရှိသည်။                    

Read 38 times Last modified on Thursday, 14 November 2019 08:35