SJ WorldNews - шаблон joomla Авто

ပုလောမြို့နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း တရားမ၀င် သစ်များ ဖမ်းဆီးရမိ

Thursday, 14 November 2019 08:36 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  နိုဝင်ဘာ  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့ နယ်၊ မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၂ ရက်ညနေ ၅ နာရီခန့်တွင် ပလောက်မြို့၏ အနောက်ဘက် ရေမိုင် ၁၅မိုင်ခန့်အကွာသို့ အရောက်၌ ဓနအောင်သူ အမည်ရှိ အလျား ၆၃ ပေ၊ အနံ ၁၈ ပေ၊ ရေစူး ၅ ပေခန့်ရှိ စက်လှေပေါ်မှ မျိုးသူ(ဘ) ဦးရစ်လွင်အပါအ၀င် အမျိုးသားခုနစ် ဦးတို့ကို လှေပေါ်တွင် တင်ဆောင်လာသည့် တရားမ၀င် သစ်ခွဲသားဆိုဒ်စုံ ၃၅ တန်ခန့်နှင့်တူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ စက်လှေ၊ တရားမ၀င်သစ်များနှင့်အတူ ဖမ်းဆီးရမိသူများအား မြိတ်မြို့ သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။               

Read 36 times Last modified on Thursday, 14 November 2019 08:38