SJ WorldNews - шаблон joomla Авто

သထုံမြို့နယ်၊ လှေကြီးဝင်ပေါက် ချောင်းဝအနီး၌ တရားမ၀င် သစ်များနှင့်သစ်တင်လှေ တစ်စင်း သိမ်းဆည်းရမိ

Friday, 15 November 2019 10:05 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   နိုဝင်ဘာ  ၁၄

မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်လျက်ရှိနေသော တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၃ ရက် နံနက် ၅  နာရီခန့်တွင် သထုံမြို့၏ အနောက်တောင်ဘက် ရေမိုင်  ၁၂ မိုင်ခန့်အကွာသို့အရောက်၌ တရားမ၀င် ပိတောက်သစ်ခွဲသား ဆိုဒ်စုံ  ၇၀ တန်ခန့် တင်ဆောင်ထားသည့် အလျား ၉၃ ပေ၊ အနံ ၂၃ ပေခန့်၊ ရေစူး ၁၃ ပေခန့်ရှိ  လှေတစ်စင်းအား  ပိုင်ရှင်မဲ့တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါသိမ်းဆည်း ရမိလှေနှင့် တရားမ၀င်သစ်များအား သထုံမြို့နယ် သစ်တောဦးစီးဌာနသို့ စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

Read 46 times Last modified on Friday, 15 November 2019 10:05