SJ WorldNews - шаблон joomla Авто

တရားမ၀င် သစ်များ သိမ်းဆည်း ရမိ ……….

Monday, 02 December 2019 12:37 font size decrease font size decrease font size increase font size increase font size

ရေဦး၊ တရားမ၀င် သစ်တွေ့ရှိမှု

စစ်ကိုင်းတိုင်း ဒေသကြီး ရေဦးမြို့နှင့် ကနီမြို့နယ် တို့တွင် နိုဝင်ဘာ၃၀ ရက်က ယာဉ်နှစ်စီးပေါ်မှ တရားမ၀င်တင် ဆောင်လာသော တမလန်း သစ်များနှင့် ပိတောက်သစ်များ သိမ်းဆည်းရမိကြောင်း    သိရသည်။

ဖြစ်စဉ်မှာ ရေဦးမြို့နယ်သစ်တော ဦးစီးဌာနမှ တောအုပ် ဦးကျော်မင်း ထွန်းနှင့် ပူးပေါင်းအဖွဲ့သည် ရေဦး မြို့ အောင်ဆန်း ရပ်ကွက် ပန်းခြံ အနီး၌ ယာဉ်မောင်း ၀င်းသန့် ၂၉နှစ် အမရပူရမြို့နယ် မနလေးတိုင်း ဒေသကြီးမောင်းနှင်ပြီး ဆရာတော် ဦးခေမာဝံသ(ခ)ချိုဝင်း ၂၇ နှစ်  လပွတ်္တာကျောင်းတိုက် မနလေး တိုင်းဒေသကြီး လိုက်ပါသည့် TOYOTA PICNIC ယာဉ်အမှတ် MDY/7N……… ကို     ရပ်တန့် စစ်ဆေးရှာဖွေရာ   ယာဉ်ပေါ်မှ တရားမ၀င် တမလန်းသစ်  ၁၂  တုံး (သုည ဒသမ ၄၂၇၈ တန်) ကာလ တန်ဖိုးငွေကျပ် ၂၁၃၉၀၀ အား သိမ်းဆည်း ရမိသည်။

အလားတူ ကနီမြို့နယ် သစ်တော ဦးစီးဌာနမှ တောအုပ် ဦးကျော်မင်း ဆွေနှင့်အဖွဲ့သည် ကနီမြို့နယ် မုံရွာ- ယာကြီး-ကလေးဝကားလမ်း ကွမ်း ပင်ရေပူးပေါင်း စစ်ဆေးရေးဂိတ်အနီး ၌ ရပ်တန့်ထားသည့် UD ၁၂ ဘီး ယာဉ်အမှတ် YGN/3E…………. ကို စစ်ဆေး ရှာဖွေရာ ယာဉ်ပေါ်မှ တရား မ၀င် ပိတောက်သစ်ခွဲသား ၁၈ ချောင်း (၂ ဒသမ ၇၅၃၂ တန်) ကာလ တန်ဖိုးငွေ ကျပ် ၁၉၂၇၂၄၀ အား သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဥပဒေ အရ   အရေးယူရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Read 30 times Last modified on Monday, 02 December 2019 12:38