SJ WorldNews - шаблон joomla Авто

လောက်ကိုင်မြို့နယ်၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

Tuesday, 03 December 2019 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင် မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲပိုင်းတွင် လောက်ကိုင်မြို့၏မြောက်ဘက် မီတာ ၁ဝဝဝဝ ခန့်အကွာသို့အရောက်၌ မသင်္ကာ ဖွယ်အိမ်ပျက်တစ်လုံး တွေ့ရှိသဖြင့် စစ်ဆေးရာ သံပုံးတစ်လုံးအတွင်း၌ ပလတ်စတစ်အိတ်ဖြင့်ထုပ်ထားသည့် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၅၂ဝဝ ပြား(ခန့် မှန်းတန်ဖိုးငွေကျပ် သိန်း ၂ဝဝ ကျော်) ကို တွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။

အဆိုပါ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား   လောက်ကိုင်မြို့နယ်  မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

Read 11 times Last modified on Tuesday, 03 December 2019 08:32