SJ WorldNews - шаблон joomla Авто

ဘူးသီးတောင်မြို့နယ်၊ ရေချမ်းပြင်ကျေးရွာသစ်နေ ကျေးရွာသားတစ်ဦး AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသော ဒေသန္တရမိုင်းတစ်လုံး နင်းမိပေါက်ကွဲ

Tuesday, 03 December 2019 08:32 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ  

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ သရက်ပြင်ကျေးရွာအုပ်စု၊ ရေချမ်းပြင်  ရွာသစ်နေ နော်ဘီဟူဆောင်း(ဘ)အာလီ ဟူဆောင်းသည်   ယနေ့နံနက်ပိုင်းတွင် ကျေးရွာ၏အရှေ့ဘက် မီတာ ၂ဝဝဝ ခန့် အကွာ၌ နွားကျောင်းနေစဉ် AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရနင်းမိုင်းတစ်လုံးအား    နင်းမိပေါက်ကွဲခဲ့သည်။ မိုင်းပေါက်ကွဲမှုကြောင့် ၄င်းမှာ ဝဲခြေထောက် ဒူးအောက်ပိုင်းပြတ်၊ ယာခြေထောက်ဒူးအောက်ပိုင်း ကြွက်သားများ ကြေမွဆုတ်ပြဲနှင့် မျက်နှာမိုင်းစထိမှန် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ မိုင်းထိလူနာအား ဘူးသီးတောင်မြို့ ပြည်သူ့ဆေးရုံတွင် လိုအပ်သည့်ဆေးဝါးများ ကုသပေးလျက်ရှိကြောင်း သတင်းရရှိသည်။

Read 95 times Last modified on Tuesday, 03 December 2019 08:34