SJ WorldNews - шаблон joomla Авто

စိတ်ကြွဆေးပြား တစ်သောင်းကျော် သိမ်းဆည်း ရမိ

Sunday, 08 December 2019 16:35 font size decrease font size decrease font size increase font size increase font size

ကလော၊ မူးယစ်မှု

ရှမ်းပြည်နယ်   (တောင်ပိုင်း) ကလောမြို့နယ် ရေယားကျေးရွာ အနီး     ကလော-သာစည်သွား ကားလမ်း ရေယား ကျေးရွာ အနီးတွင် ဒီဇင်ဘာ ၆ ရက် ည ၇ နာရီခွဲက WY စာတန်းပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၁၃၀၀၀ ပြား ကာလတန်ဖိုး ငွေကျပ်သိန်း ၁၃၀ ခန့်ကို တရားခံ နှင့်အတူ သိမ်းဆည်း ရမိကြောင်း သိရသည်။

ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ ရဲအုပ်စိုးနိုင် ဦးစီးတပ်ဖွဲ့ဝင်များ နှင့် ကလောမြို့မ ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင်  ရဲအုပ်ဆန်းလွင်     ဦးစီးအဖွဲ့ တို့သည် သက်သေများ နှင့်အတူ  ကလောမြို့နယ်   ရေ ယား ကျေးရွာ အနီး ကလော-သာစည်သွား ကားလမ်းရေယား ကျေးရွာ အနီးတွင် မူးယစ်ဆေးဝါး သတင်းအရ မော်တော်ယာဉ်နှင့် ဆိုင်ကယ်များအား ရှာဖွေစစ်ဆေးမှု ပြုလုပ်နေစဉ် ကလောဘက်မှ သာစည်ဘက်သို့ ခွန်စိုးဝင်း (ခ)ကျော်ဝင်း  မောင်းနှင် လာသည့်   မော်တော်ဆိုင်ကယ်အား ရပ်တန့် စစ်ဆေးရာ      ၎င်း၏ ခန္ဓာကိုယ် တွင်    လွယ်ထားသည့် နီညိုရောင် အစင်းကျားလွယ်အိတ် အတွင်းမှ အ၀ါရောင်တိပ်ဖြင့် ထုပ်လျက်  အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၂၀၀  ပြား စီပါ  ၆၅ထုပ်  စုစုပေါင်း စိတ်ကြွဆေးပြား၁၃၀၀၀ ပြား  (အလေးချိန် ၁၃၀၀ဂရမ်ခန့်)  ခန့်မှန်း ကာလ တန်ဖိုး ငွေကျပ်သိန်း ၁၃၀ ခန့်နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ရာတွင် ဆက်သွယ် အသုံးပြုသည့် လက်ကိုင်ဖုန်း တစ်လုံး၊ မူးယစ်ဆေးဝါး သယ်ဆောင်ရာတွင် အသုံးပြုသည့် Dream 125 အမျိုးအစား  ဆိုင်ကယ်တစ်စီး တို့ အား ရှာဖွေ တွေ့ရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ခွန်စိုးဝင်း(ခ)ကျော်ဝင်း ၂၅ နှစ် ပင်လောင်းမြို့နယ် ထီပေါင်းကျေးရွာ အုပ်စု ထန်းငို ကျေးရွာ နေသူအား မူးယစ်ဆေးဝါးနှင့်  စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ  ဥပဒေအရ အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း ကလောမြို့မ ရဲစခန်းမှ သိရသည်။  

မြို့နယ်(ပြန်/ဆက်)

Read 33 times Last modified on Sunday, 08 December 2019 16:42