SJ WorldNews - шаблон joomla Авто

ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာ၌ ဆီပီပါများ အတွင်းသို့ ဆီဖြည့်စဉ် မီးလောင်မှုဖြစ်ပွား

Tuesday, 10 December 2019 09:28 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ 

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သမ္မတောကျေးရွာ၊ မန္တလေး-ပြင်ဦးလွင်  ကားလမ်းဘေးရှိ ဦးနေဝင်း၏ ဆီသိုလှောင်ရုံခြံဝင်း၌ ယနေ့နံနက် ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် ယာဉ်တစ်စီးပေါ် တင်ဆောင်ထားသော ဆီပီပါများအတွင်းသို့ တာဝန်ခံဖြစ်သူ ဦးအောင်သူ(ဘ)ဦးလှသန်းက မော်တာစက်ဖြင့် ဆီဖြည့်စဉ် အပူရှိန်လွန်ကဲ၍ မီးလောင်မှုဖြစ်ပွားခဲ့သည်။ မီးလောင်ရာနေရာသို့ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးသတ်ယာဉ် ၅၁ စီး၊ အုပ်ချုပ်မှုယာဉ် ငါးစီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၁ဝ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် ဦးအောင်သူတွင်  မီးလောင်ဒဏ်ရာ အနည်းငယ်ရရှိပြီး မော်တော်ယာဉ်တစ်စီး၊  အဆောက်အအုံတစ်လုံး   မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့်  ဦးအောင်သူအား အုန်းချောရဲစခန်းမှ တရားဥပဒေအရ    အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း  သတင်းရရှိသည်။

Read 38 times Last modified on Tuesday, 10 December 2019 09:28