SJ WorldNews - шаблон joomla Авто

မိုင်းပန်မြို့နယ်၊ သံလွင်မြစ်ကူးတံတား (တာဆန်း) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မူးယစ်ဆေးဝါး သယ်ဆောင်လာသူ များအား ဖမ်းဆီးရမိ

Tuesday, 10 December 2019 09:29 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ  

ရှမ်းပြည်နယ်(တောင်ပိုင်း)၊   မိုင်းပန်မြို့နယ်၊ သံလွင်မြစ်ကူးတံတား (တာဆန်း) ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လုံခြုံရေး ဆောင်ရွက်နေသော ပူးပေါင်းအဖွဲ့သည် မော်တော်ယာဉ် ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ဒီဇင်ဘာ ၈ ရက် ညနေ ၄ နာရီခန့်တွင်  မိုင်းပန်မြို့ဘက်မှ မိုင်းတုံမြို့ဘက်သို့ ယာဉ်မောင်း   စိုင်းစွမ်ဟန်(ဘ)စိုင်းနော်ခမ်း မောင်းနှင်ပြီး စိုင်းနော်ခမ်း(ဘ) ဆန်နန်ခမ်း လိုက်ပါလာသည့် (မစ်ဆူဗီရှိ-ထရိုင်တန်) အမျိုးအစား မော်တော်ယာဉ်အမှတ်၊ 6J/ ---- အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းအတွင်း အံဝှက်ပြုလုပ်၍  သယ်ဆောင် လာသော WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၁၅ဝဝဝဝ ပြား (ခန့်မှန်း တန်ဖိုးငွေကျပ် သိန်းပေါင်း ၁၁၅ဝဝ ခန့်) နှင့်အတူ တွေ့ရှိ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါး များနှင့်အတူ ဖမ်းဆီးရမိသူများအား မိုင်းပန်မြို့မရဲစခန်း၌  တရားဥပဒေအရ  အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း   သတင်းရရှိသည်။

Read 100 times Last modified on Tuesday, 10 December 2019 09:29