SJ WorldNews - шаблон joomla Авто

ဘောလခဲမြို့နယ် အတွင်း တရားမဝင် ခဲသတ္တုများ ဖမ်းဆီးရမိ

Thursday, 12 December 2019 10:25 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   ဒီဇင်ဘာ   ၁၁

ကယားပြည်နယ်၊ ဘောလခဲမြို့နယ် အတွင်း   လုံခြုံရေးဆောင်ရွက်နေသောတပ်ဖွဲ့ဝင်များသည် သတင်းအရ ဘောလခဲ မြို့၏ မီတာ ၂ဝဝ ခန့်အကွာ၌ စောင့်ဆိုင်း နေစဉ် ဒီဇင်ဘာ ၉ ရက် ည ၁၁ နာရီခန့်တွင် ဖားဆောင်းဘက်မှ မောင်းနှင်လာသော အငယ်လေး(ဘ)ဦးဖက် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ကိုတောင်း(ဘ)ဦးထူးလိုက်ပါ လာသည SURF SPORT အမျိုးအစား လိုင်စင်မဲ့မော်တော်ယာဉ်ပေါ်မှ တရားမဝင်ခဲသတ္တုပိဿာ ၂ဝဝဝ ခန့်ကိုလည်းကောင်း၊ ခွာကြီး(ဘ)ဦးခင်မောင်တင့် မောင်းနှင်ပြီး ဂျွန်ဘတ်သန်(ဘ) ဦးရောဘတ်  လိုက်ပါလာသည့်  ပရာဒို အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်ပေါ်မှ တရားမဝင် ခဲသတ္တု ပိဿာ  ၂ဝဝဝ  ခန့်ကိုလည်းကောင်း၊ ဇင်မင်းဟိန်း(ဘ)ဦးစိုးနိုင်   မောင်းနှင်ပြီး  စောကယ်လှ(ဘ)ဦးစောရွှေဖော လိုက်ပါ လာသည့် SURF  အမျိုးအစားလိုင်စင်မဲ့မော် တော်ယာဉ်ပေါ်မှ တရားမဝင် ခဲသတ္တုပိဿာ ၂ဝဝဝ ခန့်ကိုလည်းကောင်း၊ စောလိုထူး (ဘ)ဦးစောဟဲပလု မောင်းနှင်ပြီး ဝေမူးခရီး (ဘ)ဦးဖော့ထယ် လိုက်ပါလာသည့် SURF အမျိုးအစား လိုင်စင်မဲ့ မော်တော်ယာဉ်ပေါ်မှ တရားမဝင် ခဲသတ္တုပိဿာ ၂ဝဝဝ ခန့်ကို လည်းကောင်း အသီးသီး ဖမ်းဆီး ရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ မော်တော် ယာဉ်များနှင့် တရားမဝင် ခဲသတ္တုများအားဘောလခဲမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီး ဖြစ်ကြောင်း သတင်းရရှိသည်။

.............

Read 39 times Last modified on Thursday, 12 December 2019 10:31